မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ C-Band IPSTAR (MPT Satellite Terminal) သုံးစွဲသူများသို့ မေတ္တာရပ်ခံချက်

     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ C-Band IPSTAR (MPT Satellite Terminal) ၀န်ဆောင်မှု သုံးစွဲသူများအတွက် Thaicom-7 ဂြိုဟ်တုအားအသုံးပြုနေရာမှ ပိတ်သိမ်း၍ Myanmar Satellite ဂြိုဟ်တု ပေါ်သို့ ပြောင်းလဲအသုံးပြုနိုင်ရန် စီစဉ်လျက်ရှိရာ လက်ရှိ IPSTAR Terminal များကို Myanmar Satellite (62ْ East) သို့ ပြောင်းလဲချိန်ညှိခြင်း၊ စက်ပစ္စည်းအစိတ်အပိုင်းအချို့လဲလှယ်တပ်ဆင်ခြင်း တို့ကိုဆောင်ရွက်သွားမည် ဖြစ်ပါသည်။

                အဆိုပါလုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုယ်စား မြတ်သန္တာကုမ္ပဏီလီမီတက် မှ ၂၀၁၆ ခုနှစ် ၊ နိုဝင်ဘာလ(၇)ရက်နေ့ မှ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့အတွင်း (အခမဲ့) ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

                သို့ဖြစ်ပါ၍ C-Band IPSTAR ၀န်ဆောင်မှုသုံးစွဲသူများအနေဖြင့် ပြောင်းရွှေ့ခြင်းလုပ်ငန်းအတွက် မြတ်သန္တာကုမ္ပဏီလီမီတက်သို့ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၄)ရက် နောက်ဆုံး ထား၍ ဆက်သွယ် ဆောင်ရွက် ကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာမှာ -

မြတ်သန္တာကုမ္ပဏီလီမီတက်၊အမှတ်(၅၇)၊အောင်မင်္ဂလာလမ်း၊ကျောက်မြောင်းကြီးရပ်ကွက်၊

တာမွေမြို့နယ်၊ရန်ကုန်မြို့။

ဖုန်း ၀၉ ရ၈၅၀၅၂၄၃၃ , ၀၉ ၄၄၅၀၅၂၄၃၃ , ၀၉ ၄၄၄၄၃၄၃၃၄ , ၀၁ ၅၄၄၈၀၁ , ၀၁ ၆၅၃၃၉၆

      ၀၁ ၆၅၃၃၉၇

E-mail ; [email protected]