မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင်ကော်မတီ တတိယအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သော မူဝါဒနှင့် လုပ်ငန်းစဉ်များအား သတ်မှတ်နိုင်ရေး အတွက် ရည်ရွယ်ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင်ကော်မတီ တတိယအကြိမ် အစည်းအဝေးကို (၂၇-၁၀-၂၀၁၆)ရက်နေ့ နေ့လည် (၁၃:ဝဝ)နာရီ အချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ရုံးအမှတ်(၂)၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဦးဆောင်ကော်မတီ ဥက္ကဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်မျိုး တက်ရောက်၍ အဖွင့်အမှာစကား‌ ပြောကြားခဲ့ပါသည်။   
အစည်းအဝေးသို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့်  စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင်‌့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တာဝန်ရှိသူများ ၊ PwC အကြံပေး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသူများ၊ တက်ရောက်ခဲ့ကြပြီး ဦးဆောင်ကော်မတီ ဥက္ကဌ နှင်‌့ အစည်းအဝေးသို့ တက်ရောက်လာသူများက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။