မြန်မာ့စာတိုက်လုပ်ငန်း၏ သင်တန်းဖွင့်ပွဲအခမ်းအနား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုံးစွဲသူပြည်သူ များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးရာတွင် ထိရောက်စေရန်နှင့် အရည်အသွေး ပြည့်ဝသောဝန်ထမ်းများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၁၀/၂၀၁၉) သင်တန်းဖွင့်ပွဲအား မိထ္တီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း သင်တန်းခန်းမ၌ (၁၀.၆.၂၀၁၉)ရက်နေ့ နံနက် (၀၈:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြား၍ မြန်မာ့စာတိုက်လုပ်ငန်း၊        ဦးဆောင်ညွှန်ကြားရေးမှူးမှ တက်ရောက်ခဲ့ပြီး (၀၉:၃၀)နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးကြောင်းသတင်းရရှိပါသည်။