မြန်မာ့စာတိုက်လုပ်ငန်း၏ သင်တန်းဆင်းပွဲအခမ်းအနား

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ သုံးစွဲသူ ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးရာတွင် ထိရောက်စေရန်နှင့် အရည်အသွေး ပြည့်ဝသော ဝန်ထမ်းများ ထွက်ပေါ် လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် စာတိုက်မှူးနှင့် စာတိုက် ငွေစာရင်း သင်တန်း အမှတ်စဉ် (၄/၂၀၁၇) သင်တန်းဆင်းပွဲအား မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင် ဆက်သွယ်ရေး သင်တန်းကျောင်း သင်တန်းခန်းမ၌ (၁၄.၇.၂၀၁၇) ရက်နေ့ နံနက် (၀၈:၃၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဗဟိုပို့ဆောင် ဆက်သွယ်ရေး သင်တန်းကျောင်း၊ ဒုတိယ ကျောင်းအုပ်ကြီးက သင်တန်းဆင်း အမှာစကား ပြောကြား၍ မြန်မာ့စာတိုက် လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး  တက်ရောက်ခဲ့ပြီး ပထမဆု အား ခမောက်ကြီး စာတိုက်မှ ဆက်သွယ်ရေး(၄) ဒေါ်နန်းသင်းသင်းရီ ကလည်းကောင်း၊ ဒုတိယဆုအား မိုးညိုစာတိုက်မှ ဆက်သွယ်ရေး(၄) ဒေါ်မင်းမင်းထိုက် ကလည်းကောင်း၊ တတိယဆုအား စာရွေးစာပို့စခန်း (ရန်ကုန်)မှ ဆက်သွယ်ရေး (၃) ဦးဇေယျာမောင်မောင် ကလည်းကောင်း အသီးသီး ရရှိခဲ့ပြီး (၀၉:၃၀) နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးကြောင်း သတင်းရရှိပါသည်။