မြန်မာ့စာတိုက်လုပ်ငန်းသုံးစွဲသူ ပြည်သူများအား အသိပေးကြေညာခြင်း

မြန်မာ့စာတိုက်လုပ်ငန်းသုံးစွဲသူ ပြည်သူများအား အသိပေးကြေညာခြင်း

(၁.၁.၂၀၂၁) ရက်နေ့မှစတင်၍ နိုင်ငံတကာသို့ ချောစာ/ ချောထုပ်များ ပေးပို့ရာတွင် Customs Declaration System ဖြင့် အချက်အလက်များ ဖြည့်သွင်း၍ ပေးပို့ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မြန်မာ့စာတိုက်လုပ်ငန်း၏ ဝန်ဆောင်မှုများကို အသုံးပြု၍ နိုင်ငံတကာသို့ ချောစာ/ချောထုပ်များ ပေးပို့လျက်ရှိသည့် ပြည်သူများအနေဖြင့် စာတိုက်များသို့ မလာရောက်မီ EAD (Electronic Advance Data) Mobile App တွင် ရေးသားဖြည့်စွက်၍ ၎င်းမှ ရရှိသော Code နံပါတ်အား မြန်မာ့စာတိုက်လုပ်ငန်း ကောင်တာများတွင် အသိပေးပြောကြား၍ ပေးပို့ပါက ကောင်တာတွင် စောင့်ဆိုင်းရသည့် အချိန် သက်သာစေမည်ဖြစ်ပါသည်။ ၎င်း Application အား အောက်ဖော်ပြပါ link များတွင် Download ရယူနိုင်ပါသည်။

https://play.google.com/store/apps/details?id=org.universalpostalunion.ead.prod (Android)

https://apps.apple.com/ch/app/ead-customs-declarations/id1531453010#?platform=iphone (IOS)