မြန်မာ့စာတိုက်လုပ်ငန်းမှ ရန်ကုန်မြို့ရှိ တက္ကသိုလ် (၈)ခုတွင် Clear File ပေးဝေခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းနှင့် ဂျပန်စာပို့တိုက် လုပ်ငန်းတို့သည် မြန်မာ့စာတိုက် လုပ်ငန်း အရည်အသွေး တိုးတက် ကောင်းမွန်ရေး စီမံကိန်း (JICA Project) အား ၂၇-၁၁-၂၀၁၅ ရက်နေ့မှ စ၍ ချောသယ်ယူ ပို့ဆောင်ရေး အဓိက ကွန်ရက်တိုးတက်ရန်၊ ချောစာ သိမ်းယူမှုနှင့် ပေးဝေမှုတို့ တိုးတက်ရန်၊ စာတိုက်အတွင်း လုပ်ငန်းဆောင်ရွက်မှု တိုးတက်ရန်၊ စာတိုက် ဝန်ဆောင်မှု တိုးတက်ရေးတို့အတွက် နှစ်လတ်- နှစ်ရှည် စီမံချက်များ ချမှတ်ရန် ဟူသော ခေါင်းစဉ် (၄)ခုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ခေါင်းစဉ် (၄)ခုအနက် စာတိုက်အတွင်း လုပ်ငန်းဆောင်ရွက်မှု တိုးတက်ရန် ခေါင်းစဉ် အောက်မှ ရန်ကုန်တက္ကသိုလ် (၈)ခုရှိ ကျောင်းသား/ ကျောင်းသူများအား မြန်မာ့စာတိုက် လုပ်ငန်း၏ ဝန်ဆောင်မှုများကို သိရှိ အသုံးပြုပြီး အဆင်ပြေမှုများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ် (၈)ခုရှိ ကျောင်းသား/ ကျောင်းသူများ အား Clear File များ အခမဲ့ ပေးဝေခြင်းအား (၁၆.၆.၂၀၁၇ မှ ၂၂.၆.၂၀၁၇)ထိ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။