မြန်မာ့စာတိုက်လုပ်ငန်းမှ ဒုတိယကြီးကြပ်ရေးမှူးလစ်လပ်နေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့စာတိုက်လုပ်ငန်း

အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁၃၈၃ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်  ၅  ရက်

(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ  ၂၃  ရက်)

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းတွင် လစ်လပ်လျက်ရှိသော ဒုတိယကြီးကြပ်ရေးမှူး (လစာနှုန်းကျပ်၊ ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး(၂၀)နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်ချက်နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။

(ဂ)     ကွန်ပျူတာနှင့် အင်္ဂလိပ်စာအခြေခံတတ်ကျွမ်းရမည်။

(ဃ)    ၃၁-၁၂-၂၀၂၁ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(င)     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(စ)     ရွေးချယ်ခြင်းခံရသူများသည် အမြဲတမ်းဝန်ထမ်းအဖြစ် အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးနိုင်ရမည်။

(ဆ)    နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။

၂။       သတ်မှတ်လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်။ လျှောက်လွှာပုံစံကို တိုင်းဒေသကြီး/ပြည်နယ် မန်နေဂျာရုံး၊ မြန်မာ့စာတိုက်လုပ်ငန်းနှင့် www.myanmarpost.com.mm တွင် ရယူနိုင်ပြီး လျှောက်လွှာတွင် ပါရှိသော အချက်များကို ပြည့်စုံစွာရေးသွင်းရမည်။

၃။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည် -

(က)    ဘွဲ့လက်မှတ်မိတ္တူ

(ခ)     နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

(ဂ)     တစ်လအတွင်း ရိုက်ကူးထားသော လိုင်စင်(ကာလာ)ဓာတ်ပုံ(၃)ပုံ၊ (ကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားထားရန်)

(ဃ)    သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း ရရှိထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)။

(င)     အလုပ်သမားမှတ်ပုံတင်မိတ္တူ

၄။      လူတွေ့စစ်ဆေးရန်လာရောက်သည့်အခါတွင် ပူးတွဲတင်ထားသည့် မိတ္တူမှန်များ၏ မူရင်းများ တင်ပြရမည်။

၅။      လျှောက်ထားသူများသည် လူတွေ့စစ်ဆေးခြင်း၊ ကွန်ပျူတာနှင့်အင်္ဂလိပ်စာစစ်ဆေးခြင်းနှင့် အထွေထွေဗဟုသုတများ ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုမည့်ရက်အား သီးခြားအကြောင်းကြားမည် ဖြစ်ပါသည်။

၆။      လျှောက်လွှာများကို ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့စာတိုက်လုပ်ငန်း၊ နေပြည်တော်သို့ လိပ်မူ၍ လူကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်ရာစာတိုက်မှတစ်ဆင့် မှတ်ပုံတင်စာလုပ်၍ဖြစ်စေ (၁၅-၁-၂၀၂၂) ရက် ရုံးချိန်အတွင်း နောက်ဆုံးထား၍ ပေးပို့လျှောက်ထားကြရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ရောက်ရှိ လာသော လျှောက်လွှာများနှင့် စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။

၇။      အသေးစိတ်သိရှိလိုပါက မြန်မာ့စာတိုက်လုပ်ငန်း၊ ရုံးချုပ်၊ နေပြည်တော်၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၂၀၆၃၃ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာ့စာတိုက်လုပ်ငန်း

001.pdf (114.54 KB)