မြန်မာနိုင်ငံပိုင်အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေး LOI (Letter of Intent) လက်မှတ်ရေးထိုး

နေပြည်တော်၊ မေ ၁၅


မြန်မာနိုင်ငံပိုင်အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေး LOI (Letter of Intent) လက်မှတ်ရေးထိုးခြင်း အခမ်းအနားအား ယနေ့ ( မေလ ၁၅ ရက် ) နေ့လည်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂) ၊ နေပြည်တော်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဉီးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးသာဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်း အတွင်းဝန် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ ကြည်သွင် နှင့် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးတက္ကသိုလ်၊ Space Mission Center မှ ညွှန်ကြားရေးမှူး ပါမောက္ခ ယူကီဟီရိုတာကာဟာရှီ ( Prof. Yukihiro Takahashi) တို့သည် ပြည်ထောင်စုဝန်ကြီး ဉီးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးသာဦး၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်း အတွင်းဝန် ဦးစိုးသိန်းတို့၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေးအတွက် ရည်ရွယ်၍ ဂြိုဟ်တု လွှတ်တင်ရေးနှင့် စပ်လျဉ်းသော အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး၂၀၁၉ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဆောင်ရွက်ရန် ရည်ရွယ်သည့် LOI (Letter of Intent) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။