မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Ronen Gilor ကိုလက်ခံတွေ့ဆုံ

နေပြည်တော်                                                                                                         ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ () ရက်

          မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H.E. Mr. Ronen Gilor သည် ဒီဇင်ဘာ လ () ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် () ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက်တွေ့ဆုံပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ICT ကဏ္ဍ စွန့်ဦးတီထွင်မှုဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ICT နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစိုးသိန်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။