မြစ်ရေကြီးမှုအခြေအနေသတင်း

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြစ်ရေကြီးမှုအခြေအနေသတင်း

(၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၅) ရက်၊ (၁၀:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၁)ပေခွဲခန့်၊ ဟုမ္မလင်းမြို့တွင် (၂)ပေခန့်၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ပေဝက်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး၊ နောက်(၁) ရက် အတွင်း ခန္တီးမြို့တွင် (၁)ပေခန့်၊ နောက် (၂)ရက်အတွင်း ဟုမ္မလင်းမြို့တွင် (၁)ပေခွဲခန့်၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် (၂)ပေခန့်စီ ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက် တည်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်အကြံပြုအပ် ပါသည်။

 

www.moezala.gov.mm