မြစ်ရေကြီးခြင်းသတိပေးချက်

မင်္ဂလာညချမ်းပါ

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (..၂၀၂၂) ရက်နေ့တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

    ယနေ့မြန်မာစံတော်ချိန် (၁၇:၀၀)နာရီအချိန် တိုင်းထွာချက်အရ မယ်ဆိုင်မြစ်ရေသည် တာချီလိတ်မြို့(လွယ်တော်ခမ်းရပ်ကွက်)တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ တာချီလိတ်မြို့နယ်အတွင်းရှိ မယ်ဆိုင်မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။