မိဘပြည်သူတို့၏အကြံပြုချက်များနှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲထားသော ဆက်သွယ်ရေးနည်းဥပဒေများ

မိဘပြည်သူတို့၏အကြံပြုချက်များနှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲထားသော ဆက်သွယ်ရေးနည်းဥပဒေများ

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန က ရေးဆွဲလျက်ရှိသော ဆက်သွယ်ရေးနည်းဥပဒေများ ဖြစ်သည့် licensing rules, spectrum rules, numbering rules, interconnection and access rules နှင့် competition rules တို့အပေါ် မိဘပြည်သူတို့၏ အကြံပြုချက်များကို (၄.၁၁.၂၀၁၃) နေ့မှ (၂.၁၂.၂၀၁၃) နေ့အထိ တောင်းခံခဲ့ပါသည်။

အဆိုပါနည်းဥပဒေများအား မြန်မာဘာသာဖြင့် အတည်ပြုပြဌာန်းရမည်ဖြစ်သည့်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် နည်းဥပဒေမူကြမ်းများ အား မြန်မာ ဘာသာသို့ပြန်ဆိုလျက်ရှိပြီး နည်းဥပဒေများအား အတည်ပြုချက် ရရှိရေးအတွက် ဆောလျင်စွာ ဆောင်ရွက် လျက်ရှိပါသည်။

နည်းဥပဒေများ ပြဌာန်းပြီး အခြားလိုင်စင်များခွင့်ပြုပေးနိုင်သည့် အချိန်တွင် အော်ပရေတာ (၄) ဦး ဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံတယ်လီပို့၊ Telenor ၊ Ooredoo တို့အပြင် အခြား ၀န်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လိုသူများအား သက်ဆိုင်ရာ လိုင်စင်များကို ပေးအပ်ပြီး လုပ်ငန်းဆောင်ရွက်ခွင့် ပြုနိုင်မည် ဖြစ်ပါသည်။ ထိုနည်းဥပဒေ(၅) ခု အပြင် အခြားသော လိုအပ်သည့် နည်းဥပဒေ များနှင့် ညွှန်ကြားချက်များအား ဆက်လက် ရေး ဆွဲထုတ်ပြန် သွားမည်ဖြစ်ပါသည်။

မိဘပြည်သူတို့၏ အကြံပြုချက်များနှင့် အညီ ပြန်လည်သုံးသပ် ပြင်ဆင်ထားသည့် အဆိုပါ နည်းဥပဒေ(၅) ခု အား အောက်ပါ link များတွင် ဖတ်ရှူနိုင်ပါကြောင်းသတင်းရရှိပါသည်။