မဟာသင်္ကြန်ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် မြန်မာ့မီးရထားက ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်၊ နေပြည်တော်-မန္တလေး-နေပြည်တော်ခရီးစဉ်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များပြေးဆွဲပေးမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်ကာလ အတွင်း ခရီးသွားမိဘပြည်သူများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန် အတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်နှင့် နေပြည်တော်-မန္တလေး-နေပြည်တော်ခရီးစဉ်၊  ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များကို အောက်ဖေါ်ပြပါ နေ့ရက်/အချိန်များအတိုင်း ပြေးဆွဲ ပေးသွားမည်ဖြစ်ပါသည်-

mrnews(17-4-2021)

ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အတွင်းလမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကညွတ်ကွင်း၊ ဖြူး၊ တောင်ငူ၊ ရေတာရှည်၊ ရေနီ၊ ဧလာ၊ ပျဉ်းမနား စသည့်ဘူတာများ၌ လည်းကောင်း၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွင်း ဘူတာစဉ် ၌ လည်းကောင်း၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဝေါ၊ သိမ်ဇရပ်၊ မုပ္ပလင်၊ ကျိုက္ကသာ၊ ကျိုက်ထို၊ မရမ်းကုန်း၊ တောင်စွန်း၊ နှင်းပုလဲ၊ သိမ်ဆိပ်၊ သထုံ၊ ရင်းညိမ်၊ ပေါင် စသည့်ဘူတာများ၌လည်းကောင်း ရပ်တန့်ပေးသွားမည် ဖြစ်ပါသည်။

ဧပြီလ(၁၃)ရက်နေ့ ထွက်ခွာမည့် အမှတ်(၈)အစုန်ရထား၊ ဧပြီ(၁၉)ရက်နေ့တွင် ထွက်ခွာမည့် အမှတ်(၇)အဆန်ရထားဖြင့် ရထားစီး ခရီးသွား မိဘပြည်သူများသည် အထက်တန်းလက်မှတ်အား (၃)ရက် ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား (၁)ရက် ကြိုတင်၍ လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လျှောက်လွှာများဖြင့် ကြိုတင် ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

မြန်မာ့မီးရထား