မလေးရှားနိုင်ငံ၊ သံအမတ်ကြီး၊ H.E. Mr. Zahairi Baharim အား လက်ခံတွေ့ဆုံ

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့၊ ညနေ ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ၊ သံအမတ်ကြီး H.E.Mr. Zahairi Baharim အား နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့တွေ့ဆုံရာ၌ ဆိပ်ကမ်းလုပ်ငန်းများ၊ ရထားလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ e-government လုပ်ငန်းဆိုင်ရာများနှင့် နှစ်နိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြပါသည်။

၃။ တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနအကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။