ဖိုင်ဘာ ဆက်ကြောင်း ပြတ်တောက်၊ အင်တာနက် မြန်နှုန်း ကျဆင်း

(၂၁-၇-၂၀၁၄) နံနက်ပိုင်း တွင် ရန်ကုန်မြို့ မှ ထိုင်းနိုင်ငံ သို့ ချိတ်ဆက် ထားသည့် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်း သည် ပဲခူးမြို့မှ ကိလိုမီတာ (၂၀)ခန့် အကွာ တွင် စက်ယန္တရားကြီး များ လမ်းဘေးရေမြောင်း တူးစဉ် ဖိုင်ဘာကေဘယ် များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ ပါသည်။

ထိုသို့ ဖိုင်ဘာကေဘယ် ပြတ်တောက်ခြင်း တွင် ရန်ကုန် ဟံသာဝတီ Internet Gateway သို့ ထိုင်းနိုင်ငံ မှ နယ်စပ်ဖြတ်ကျော် ချိတ်ဆက် ထားသော အပြည်ပြည် ဆိုင်ရာ အင်တာနက် ဆက်ကြောင်း အချို့ ပါ၀င်သောကြောင့် အင်တာနက် မြန်နှုန်းများ ကျဆင်း သွားကြောင်း နှင့် ဖိုင်ဘာ ပြတ်တောက်မှု အား သက်ဆိုင်ရာ ဌာနမှ အမြန်ဆုံး ပြန်လည် ချိတ်ဆက်နိုင်ရေး ကို စီစဉ်ဆောင်ရွက် လျက် ရှိကြောင်း အများပြည်သူ သိရှိစေရန် တင်ပြအပ်ပါသည်။