ဖင်လန်နိုင်ငံ၊ သံအမတ်ကြီး၊ H.E. Ms. Riikka Laatu အား လက်ခံတွေ့ဆုံ

 

ဖင်လန်နိုင်ငံ၊ သံအမတ်ကြီး၊ H.E. Ms. Riikka Laatu အား လက်ခံတွေ့ဆုံ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၊ ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ၊ သံအမတ် ကြီး၊ H.E. Ms. Riikka Laatu အား နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံး၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့အကြား လက်ရှိပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာများ၊ အနာဂတ်တွင် ပူးပေါင်းဆောင် ရွက်နိုင်မည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

 

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဌာနအကြီး အကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။