ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံ

 

     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်းနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။

     တွေ့ဆုံစဉ် ဗီယက်နမ် - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ် တိုးတက်မှုများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။

       တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။