ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel ကိုလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင် သောအဖွဲ့သည် ဇန်နဝါရီလ (၂၈) ရက်နေ့၊ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ရုံးအမှတ် () ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက် တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၊ ဆိပ်ကမ်းအခြေခံအဆောက်အအုံဖွံ့ဖြိုးမှုနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းများတွင် အကူအညီပေးရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ မူဝါဒနှင့်ဥပဒေရေးဆွဲရေးတို့တွင် နည်းပညာအတွေ့အကြုံများ ဖလှယ်ရေးကိစ္စရပ်များ နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။