ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်​ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်​ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ မေလ ၁၄ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု (ကြီးကြပ်ရေးမှူး) သင်တန်းအမှတ်စဉ် (၃/၂၀၂၁) နှင့် လုပ်ငန်းသစ်ဝင်ဆောင်မှုသင်တန်းအမှတ်စဉ် (၂/၂၀၂၁)တို့ သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီးကိုယ်စား ဒုတိယကျောင်းအုပ်ကြီးဦးဝင်းနိုင် က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူး(သလရ)ကသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီးက သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို ပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက်ဒုတိယကျောင်းအုပ်ကြီးသည် သင်တန်းဆင်းသင်တန်းသူ/သင်တန်းသားများကိုရင်းရင်းနှီးနှီးလိုက်လံနှူတ်ဆက်ခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း