ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန VMWare - CIO Dialogue Session # 3 အခမ်းအနားကျင်းပခြင်း

 

Chief Information Officer (CIO) များ၏ ကွန်ပျူတာစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် သက်ဆိုင်ရာဌာနများအလိုက် သီးခြားအကောင်အထည်ဖော်ဆောင်ရွက်မည့် Application များ အတွက် နည်းပညာပိုင်းနှင့် အခြေခံအဆောက်အဦပိုင်းတွင် အရည်အသွေးနှင့်နည်းစနစ် တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ VMware နှင့် ပူးပေါင်း၍ ကျင်းပသော “VMware - CIOs Dialogue Session # 3  ” အခမ်းအနားအား ၂၀၁၉ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပရာ e-Government လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆပ်ကော်မတီဥက္ကဌ ပါမောက္ခ ဦးကျော်စွာစိုးက အဖွင့်အမှာစကား ပြောကြားပြီး၊  VMWare  Myanmar မှ Country Manager ဦးပြည်စိုး က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

အဆိုပါ အခမ်းအနားသို့ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးစိုင်းစောလင်းထွန်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆပ်ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ VMWare မှ ကိုယ်စားလှယ်တော်ကြီးများ  ၊ ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ CIO / ACIO စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် VMware မှ “ VMware Customer Success Story: Transformative Journey ” ခေါင်းစဉ်နှင့် “ Strategy/Journey Planning ”  ခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ၊ တက်ရောက်လာသည့် CIO နှင့် ACIO များနှင့်  Strategy/Journey Planning ” ခေါင်းစဉ်တို့ဖြင့် စားပွဲဝိုင်း ဆွေးနွေးခဲ့ပါသည်။  

VMware - CIOs Dialogue Session ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလနှင့် ဧပြီလတို့တွင် တစ်ကြိမ်စီ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယနေ့  အခမ်းအနားသည် တတိယနေ့ ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။