ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Authentication and Digital Signature Course သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဖေဖော်ဝါရီ ( ၂၅ ) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးသင်တန်းကျောင်းတွင် Government Data Network တည်ဆောက်၍ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော Electronic Transaction လုပ်ငန်း၏ လုံခြုံရေးနှင့် သတင်းအချက်အလက်တိကျခိုင်မာရေးအတွက် Authentication နှင့် Digital Signature အကြောင်းကို နားလည်၍ လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Authentication and Digital Signature Course တတိယအကြိမ်  သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

Authentication and Digital Signature Course  တတိယအကြိမ် သင်တန်းကို အစိုးရအဖွဲ့အစည်းနှင့်ဝန်ကြီးဌာန (၁၃) ခုမှ သင်တန်းသား (၃၂) ဦး ဖြင့် (၂၅-၂-၂၀၁၉) ရက်နေ့မှ (၂၈-၂-၂၀၁၉) ရက်နေ့အထိ (၄) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကျောင်း၊ ကျောင်းအုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့ အစည်းနှင့်ဝန်ကြီးဌာနများမှ နိုင်ငံဝန်ထမ်းများအား e-Governmentနှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

မသန္တာ

သင်တန်းကျောင်း