ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန VMware Exchange # 2 သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ဖေဖော်ဝါရီလ (၂၂) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် Chief Information Officer (CIO) များ၏ ကွန်ပျူတာစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် သက်ဆိုင်ရာဌာနများအလိုက် သီးခြားအကောင် အထည်ဖော် ဆောင်ရွက်မည့် Application များအတွက် နည်းပညာပိုင်းနှင့် အခြေခံအဆောက်အဦ ပိုင်းတွင် အရည်အသွေးနှင့်နည်းစနစ် တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ VMware နှင့် ပူးပေါင်းဖွင့်လှစ်သည့်  VMware Exchange # 2 သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးမှ အဖွင့်အမှာစကားပြောကြားပြီး VMware မှ Director of Systems Engineering, SEAK Region, Mr. Lee Poh Wah က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

VMware Exchange # 2 သင်တန်းကို အစိုးရအဖွဲ့အစည်းနှင့် ဝန်ကြီးဌာန (၂၈) ခု မှ CIO/ACIO နှင့် အိုင်တီဌာနတာဝန်ခံ (၃၆) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။    

VMware Exchange  ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ တစ်လ တစ်ကြိမ်စီ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းကာလ စုစုပေါင်း (၆) ရက် ဖြစ်ကြောင်း သိရှိရသည်။