ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန VMWare CIO Dialogue Session # 2 ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

Chief Information Officer (CIO) များ၏ ကွန်ပျူတာစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် သက်ဆိုင်ရာဌာနများအလိုက် သီးခြားအကောင်အထည်ဖော်ဆောင်ရွက်မည့် Application များ အတွက် နည်းပညာပိုင်းနှင့် အခြေခံအဆောက်အဦပိုင်းတွင် အရည်အသွေးနှင့်နည်းစနစ် တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ VMware နှင့် ပူးပေါင်း၍ ကျင်းပသော “VMware - CIOs Dialogue Session #2 ” ဖွင့်ပွဲအခမ်းအနားအား ၂၀၁၉ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပရာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊  VMWare  Myanmar မှ Country Manager ဦးပြည်စိုး က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနအကြီးအမှူးများ၊     e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ VMWare မှ ကိုယ်စားလှယ်တော်ကြီးများ  ၊ ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ CIO / ACIO စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် VMware မှ “ Digital Workspace strategy & trends in the Government Sector ” ခေါင်းစဉ်နှင့်          “ General Overview of Other Use Cases Survey # 2 ”  ခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ၊ တက်ရောက်လာသည့် CIO နှင့် ACIO များနှင့် “Digital Workspace Use Case Sharing & Discovery ” ခေါင်းစဉ်နှင့် “ Digital Workspace Use Case Solution Sharing” ခေါင်းစဉ်တို့ဖြင့် စားပွဲဝိုင်းဆွေးနွေးခဲ့ပါသည်။

VMware - CIOs Dialogue Session ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလနှင့် မတ်လတို့တွင် တစ်ကြိမ်စီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။