ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ Microsoft Office Excel 2010 (ဒုတိယအကြိမ်) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

 ဇန်နဝါရီ ( ၂၈ ) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် ဘတ်ဂျက်ရေးဆွဲခြင်း၊ အစီရင်ခံစာများတွင် Chart၊ Graphic ရေးဆွဲခြင်းများ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Microsoft Office Excel 2010 (ဒုတိယအကြိမ်) သင်တန်းဖွင့်ပွဲအခမ်းအနား တို့ကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) တွင် ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

Microsoft Office Excel 2010 (ဒုတိယအကြိမ်) သင်တန်းကို ဝန်ကြီးဌာနများနှင့်အစိုးရ အဖွဲ့အစည်း (၂၂) ခုမှ သင်တန်းသား (၃၅) ဦး ဖြင့် (၂၈-၁-၂၀၁၉)ရက်နေ့မှ (၈-၂-၂၀၁၉)ရက်နေ့ အထိ (၁၀) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကျောင်း၊ ကျောင်းအုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း သည် ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။