ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန VMWare CIO Dialogue Session ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ဇန်နဝါရီလ (၂၃) ရက်

Chief Information Officer (CIO) များ၏ ကွန်ပျူတာစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် သက်ဆိုင်ရာဌာနများအလိုက် သီးခြားအကောင်အထည်ဖော်ဆောင်ရွက်မည့် Application များ အတွက် နည်းပညာပိုင်းနှင့် အခြေခံအဆောက်အဦပိုင်းတွင် အရည်အသွေးနှင့်နည်းစနစ် တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ VMware နှင့် ပူးပေါင်း၍ ကျင်းပသော “VMware - CIOs Dialogue Session” ဖွင့်ပွဲအခမ်းအနားအား ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပရာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးစိုင်းစောလင်းထွန်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆပ်ကော်မတီဥက္ကဌ၊ ပါမောက္ခချုပ် ဦးကျော်စွာစိုးတို့က အဖွင့်အမှာစကားအသီးသီး ပြောကြားပြီးနောက် ၊  VMWare, Nascent Vietnam မှ General Manager Mr. Daniel Choo က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊  e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ အတွင်းရေးမှူး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ VMWare မှ ကိုယ်စားလှယ်တော်ကြီးများ  ၊ ဗဟိုအဖွဲ့အစည်းနှင့်ဝန်ကြီးဌာနများမှ CIO / ACIO စုစုပေါင်း (၃၈)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် VMware မှ “ Building a Digital foundation for Myanmar Government ” ခေါင်းစဉ်နှင့် “Recommendations for Cyber Security Framework”  “ ခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ၊ တက်ရောက်လာသည့် CIO နှင့် ACIO များနှင့် “ Modernize Government Data Centers and Services, Hybrid Cloud ” ခေါင်းစဉ်နှင့် “ Transforming Networking and Security ” ခေါင်းစဉ်တို့ဖြင့် စားပွဲဝိုင်းဆွေးနွေးခဲ့ပါသည်။

VMware - CIOs Dialogue Session ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလနှင့် မတ်လတို့တွင် တစ်ကြိမ်စီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။