ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E Mr. Scot Marciel ကိုလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီး H.E Mr. Scot Marciel ဦးဆောင် သောအဖွဲ့သည် မေလ(၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ် (၅) ၌ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက် တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် 5G နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့်ဥပဒေ မူဘောင် ရေးဆွဲရေးတို့တွင် နည်းပညာအတွေ့အကြုံများ ဖလှယ်ရေးနှင့် ICT ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဆိပ်ကမ်းများ၏စွမ်းဆောင်ရည် မြင့်မားရေးအတွက်အကူအညီပေးရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။