ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသုံးပြုရန် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ အပြိုင်ဈေးနှုန်းလွှာ စိစစ်ပွဲကျင်းပ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသုံးပြုရန်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကို သာမန် အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ် (မြန်မာကျပ်ငွေ) တို့ဖြင့် ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ အပြိုင်ဈေးနှုန်းလွှာ စိစစ်ပွဲကို (၆.၁၁.၂၀၁၈)ရက်​​နေ့ (၁၀:၀၀)နာရီ အချိန်​တွင်​ ပြည်​တွင်း​ရေ​ကြောင်းပို့​ဆောင်​​ရေး (ရုံးချုပ်​) ကွပ်​ကဲခန်းမတွင်​ ကျင်းပပြုလုပ်​ရာ ပြည်​တွင်း​ရေ​ကြောင်းပို့​ဆောင်​​ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ လေ့လာသူများအနေဖြင့် ဒဂုံဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြစိန် နှင့် ကျောက်တံတားမဲဆန္ဒနယ်မှ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်များ ဖြစ်ကြသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဌာနများမှ  တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အိတ်ဖွင့်တင်ဒါ အပြိုင်ဈေးနှုန်းလွှာ ဝင်​​ရောက်​ယှဉ်​ပြိုင်​ကြသူများ တက်​​ရောက်​ကြပါသည်​။ အဆိုပါ အိတ်ဖွင့်တင်ဒါ အပြိုင်ဈေးနှုန်းလွှာ စိစစ်ပွဲကို (၆.၁၁.၂၀၁၈) ရက်နေ့နှင့် (၉.၁၁.၂၀၁၈)ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။