ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး H.E Mr. Timur Masksimov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး H.E Mr. Timur Masksimov ဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာလ (၁၃) ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂) ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးအား လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် အိုင်တီနည်းပညာသုံး ခေတ်မီပို့ဆောင်ရေးစနစ်များ၊ e-Government ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် အိုင်တီနည်းပညာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နှစ်နိုင်ငံရှေ့ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။