ပို့ဆောင်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်၊ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သော ပို့ဆောင်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Transport and ICT Sector Coordination Group) ၏ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ပို့ဆောင်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အား ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဌာနဆိုင်ရာ ကိုယ်စားလှယ် (၂၈)ဦး၊ ဖွံ့ဖြိုးမှုမိတ် ဖက် (၁၃)ဦး၊ စုစုပေါင်း (၄၁)ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးမှ ဆွေးနွေးချက်ရလဒ်များ၊ လုပ်ငန်းအဖွဲ့ ဝင်သစ် အမည်စာရင်းများ အတည်ပြုခြင်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များဖြင့်ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများအားနှစ် ဖက်အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်ကြသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ အိန္ဒိယနိုင်ငံသံရုံး၊ ဂျပန်နိုင်ငံသံရုံး၊ အမေရိကန်နိုင်ငံသံရုံး၊ ADB ၊ JICA ၊ UNOPS ၊ World Bank ၊ WFP ၊ MAF ၊ MCRB အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။