ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆင့်ပွားသင်တန်းသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆင့်ပွားသင် တန်းအား ယနေ့နံနက် ၉ နာရီအချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ ရုံးအမှတ် (၂၉) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အရာထမ်းများ တက်ရောက်ကြ သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းအား ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှု သဘောတရားနှင့် ယင်း၏ အကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးကော်မ ရှင်၏ ကျင့်ဝတ်များ၊ တိုင်ကြားစာများအပေါ် ဥပဒေဖြင့် အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းများ၊ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဖြင့် ဌာနဆိုင်ရာ အရေးယူခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုအပေါ် အကဲဖြတ်သုံး သပ်ခြင်း၊ သင်ခန်းစာများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ကျော်မှ ရှင်းလင်းပို့ချခဲ့ပြီး သင်တန်းသား (၁၆၅)ဦး တက်ရောက်ခဲ့ သည်။
အဆိုပါ သင်တန်းအား ဌာနအလိုက် လာဘ်ပေးလာဘ်ယူနှင့်ဆိုင်သော အဂတိလိုက်စားမှုဆိုင်ရာ ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာသောပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်စေ ရန်၊ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပွားစေရေးအတွက် တားမြစ်ထိန်းချုပ်ခြင်းများအား အကောင် အထည်ဖော်ဆောင်ရွက်သွားရန်ဟူသော ရည်ရွယ်ချက် (၃)ရပ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။