ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ Myanmar National Portal User Training သင်တန်းဖွင့်လှစ်

             ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ Myanmar National Portal User Training သင်တန်းအား ဩဂုတ်လ (၁၄) ရက်နေ့တွင် နေပြည်တော်ရှိ e-Government Information Access Center တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
             e-Government လုပ်ငန်းစဉ်များအား အစိုးရဌာနများအားလုံး ပူးပေါင်း၍ အမျိုးသားအဆင့်သို့ ဟန်ချက်ညီစွာ အဆင့်မြှင့်တင်နိုင်ရေးအတွက် အစိုးရဌာန အသီးသီး၏ website များနှင့် ဝန်ဆောင်မှုများအား စုစည်းပေါင်းစပ်ပြီး Myanmar National Portal တွင် လွှင့်တင် ထားပြီးဖြစ်ပါသည်။ ၊ e-Government လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရနှင့် ဆက်ဆံ ထိတွေ့ရသည့် ပြည်သူများအနေဖြင့် အစိုးရဌာနများ၏ ဝင်ပေါက်တိုင်းကို ဝင်ထွက်သွားလာခြင်းထက် ဝင်ပေါက်တစ်ခုတည်းမှ ဌာနအားလုံးသို့ ဆက်သွယ်ဆောင်ရွက်ခွင့်ရရေးသည် လွန်စွာ အရေးကြီးပါသဖြင့် single portal ၊ single window စနစ်များ တည်ဆောက်ပေးခြင်းအားဖြင့် ပြည်သူလူထုသို့ လွယ်ကူ လျင်မြန်သော၊ ကောင်းမွန်ထိရောက်သော ပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်ပြီး Myanmar National Portal ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည့်အတွက် ပြည်သူ လူထုမှ အစိုးရ၏ဝန်ဆောင်မှုများကို ရိုးရှင်းလွယ်ကူစွာ ရယူအသုံးပြုသွားနိုင်မည် ဖြစ်ပါသည်။
         ယခုဖွင့်လှစ်ပို့ချသည့် Myanmar National Portal User Training သင်တန်းသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနကြီး (၁၈)ခုမှ မိမိတို့ ဌာန၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို Myanmar National Portal တွင်ကိုယ်တိုင် ကျွမ်းကျင်စွာ လွှင့်တင်သွားနိုင်ရန်အတွက် ရည်ရွယ်ပြီး သင်တန်းပို့ချပေးခြင်း ဖြစ်ပါသည်။
           အဆိုပါသင်တန်းအား ဒေါ်နွယ်နီစိုးရင်၊ ညွန်ကြားရေးမှူး၊e-Government ဌာနမှ ဖွင့်လှစ်ပေးခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနကြီး(၁၈)ခု မှ သင်တန်းသား သင်တန်းသူ (၃၄) ဦး တက်ရောက်ကြောင်း သတင်း ရရှိပါသည်။