ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ရန်ကုန်-နေပြည်တော်-ရန်ကုန် လူစီး အမြန်ရထားပြေးဆွဲမည်

နေပြည်တော်၊ ဧပြီ ၂

         

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသွား မိဘပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ အမှတ်(၇) အဆန် ၊ (၈)အစုန် လူစီးရထားခရီးစဉ် ပြေးဆွဲသွားမည်ဖြစ်သည်။

ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် အမြန်ရထား ခရီးစဉ်ကိုဧပြီလ(၄)ရက်နေ့မှ(၁၁)ရက်နေ့အထိကာလအတွင်း အဆန်တစ်ရက် ၊ အစုန်တစ်ရက် ပြေးဆွဲပေးနိုင်ရန်စီစဉ်လျှက်ရှိပါသည်။ ဧပြီလ(၄)ရက်နေ့၊ (၇)ရက်နေ့နှင့် (၁၀)ရက်နေ့များတွင် အမှတ်(၇)အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက်(၈)နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး နေပြည်တော်ဘူတာသို့ ည(၈)နာရီတွင်ဆိုက်ရောက်မည်ဖြစ်ပါသည်။

ထိုနည်းတူ ဧပြီလ(၅)ရက်နေ့၊ (၈)ရက်နေ့နှင့် (၁၁)ရက်နေ့များတွင် အမှတ်(၈)အစုန်ရထား သည် နေပြည်တော်မှ နံနက်(၆)နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ညနေ(၆)နာရီတွင် ဆိုက်ရောက်မည် ဖြစ်ပါသည်။ ဧပြီလ(၆)ရက်နေ့နှင့် (၉)ရက်နေ့များ၌ ခရီးစဉ်ကို ရပ်နားထားမည်ဖြစ်သည်။

လမ်းခရီးတွင် တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကညွတ်ကွင်း၊ ဖြူး၊ တောင်ငူ၊ ရေတာရှည်၊ ရေနီ၊ ဧလာ၊ ပျဉ်းမနား စသည့် ဘူတာများ၌ ရပ်တန့်ပေးမည်ဖြစ်ပြီး ရထားဖြင့် လိုက်ပါစီးနင်းလိုသော ခရီးသွားမိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာစီးနင်းနိုင်ကြောင်းနှင့် သက်ဆိုင်ရာဘူတာများ၌  ကြိုတင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

မြန်မာ့မီးရထား