ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ စာတိုက်စာရေး သင်တန်း အမှတ်စဉ် (၂/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနား

၂၉.၁၀.၂၀၁၈

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်း ခန်းမ၌ အောက်တိုဘာလ ၂၉ ရက် ၀၈:၃၀ နာရီတွင် ဆက်သွယ်ရေး သင်တန်းဌာနခွဲမှ ဖွင့်လှစ်သည့် စာတိုက်စာရေးသင်တန်း အမှတ်စဉ် (၂/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ကြသည့် သင်တန်းသူ/ သင်တန်းသား များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြကြရန် မိမိတို့ကျောင်းမှ အတတ်နိုင်ဆုံးဖြေရှင်း ပေးနိုင်ရန်အတွက် သင်တန်းသူ/သားများအတွက် လုပ်ဆောင်ပေးထားသော သက်သာလုပ်ငန်း များကို ရှင်းလင်းပြောကြားခဲ့၍ အားပေးစကားများပြောကြားခဲ့ပါသည်။

ယင်းသင်တန်းသို့ မြန်မာ့စာတိုက်လုပ်ငန်းမှ သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၄၅) ဦးတက်ရောက်ကြပြီး (၂၉.၁၀.၂၀၁၈) မှ (၁၆.၁၁.၂၀၁၈) အထိ ရက်သတ္တပတ် (၃) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

                                                                                                     ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း