ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mrs. Suphatra Srimaitreephithak ကို လက်ခံတွေ့ဆုံ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်း နိုင်ငံသံအမတ်ကြီး H.E.Mrs. Suphatra Srimaitreephithak အား နေပြည်တော် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာ - ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍဆိုင်ရာများ၏ ဖြစ်ပေါ် တိုးတက်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင် မည့်အခြေအနေများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြောင်း သတင်း ရရှိပါသည်။