ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂)တွင် မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပွဲကျင်းပ

နေပြည်တော်    ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့

    မြန်မာနှစ်သစ်ကူး နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနား အား ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂)တွင် ကျင်းပပြုလုပ်ရာ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် မိသားစုများ တက်ရောက် ကြပါသည်။

         အခမ်းအနားတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ လေးကျွန်းမဏ္ဍိုင် မြင့်ထူးသာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင်ဦးဝါသဝထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူ ကြရာ တက်ရောက်လာသူများမှ နာယူကြည်ညိုကြပါသည်။

        ယင်းနောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပါသည်။