နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင်အတွက် MPT သုံးစွဲသူများ၏ SMS မှတဆင့် လှူဒါန်းသည့် ငွေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းလှူဒါန်း

 

၂၀၁၉ ခုနစ်၊ မေလ (၂)ရက်

နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် MPT သုံးစွဲသူများ၏ SMS မှတဆင့် လှူဒါန်း သည့်ငွေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားအား မေလ (၂) ရက်နေ့တွင် နေပြည်တော်ရှိ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ MPT သုံးစွဲသူများ၏ SMS မှတဆင့် လှူဒါန်းရရှိငွေ စုစုပေါင်းကျပ် (၅၄,၃၂၇,၅၀၀) တိတိကို အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ MPT သုံးစွဲသူများ၏ ကိုယ်စားပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ လက်ခံရယူ၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ ပါသည်။ 

SMS မှတဆင့် လှူဒါန်းမှုအစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ ဆက်တင်ဘာလ (၂၈) ရက်နေ့မှ စတင်သုံးစွဲခဲ့ရာ MPT သုံးစွဲသူများ၏ သဒ္ဒါတရားထက်သန်စွာဖြင့် SMS မှတဆင့် ပါဝင်လှူဒါန်းမှုမှာ စုစုပေါင်း (၁၀၈,၆၅၅) ကြိမ် ပါဝင်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။