နယ်စပ်ဖြတ်ကျော်လှိုင်းနှုန်းနှောက်ယှက်မှု (Cross- Border Interference) များ လျော့နည်းစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ခြင်း

မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ အသုံးပြုသည့် လှိုင်းနှုန်းအချင်းချင်း နှောက်ယှက်မှုကင်းစွာ အသုံးပြုနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး တစ်ရပ် ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း ၊ ရန်ကုန်မြို့တွင် ထိုင်းနိုင်ငံနှင့် ကျင်းပမည့် အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများ ကြိုတင်ညှိနှိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ ပါသည်။