ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် သောင်တူးလုပ်ငန်းသို့ သွားရောက်စစ်ဆေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော်၊ မတ် ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂.၃.၂၀၂၄ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ်  ရေတိုက်စားမှုကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သော ညောင်တုန်းမြို့ အမှတ်() ရပ်ကွက်၊ ၁၄ လမ်းနှင့် ၁၆ လမ်းအကြား ကမ်းပါးနိမ့်ကျမှု ကာကွယ်ခြင်းလုပ်ငန်း၊ Bored pile အခြေပြု ကျောက်ပြားကပ်တမံအလျား (၈၀၀) ပေတည် ဆောက်ခြင်းလုပ်ငန်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဗိုလ်မြတ်ထွန်း - ချောင်းကြီး ရေလမ်းကောင်းမွန်ရေး ညောင်တုန်းမြို့ အဝင်ရေလမ်းအလျား (၁၃၀၀) မီတာ၊ အကျယ် (၇၀) မီတာနှင့် အနက် ရေစစ်မျဉ်းအောက် () မီတာစုစုပေါင်း (၂၄၀၂၄၂) ကုဗမီတာ သောင်တူးဖော်ခြင်းလုပ်ငန်းနှင့်ဇလွန်မြို့ ကမ်းပြို ကာကွယ်ရေး Bored pile အခြေပြုကျောက်စီ တမံအလျား(၂၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု ရှိကျေးရွာများနှင့် ရေဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်ရန်ဆောင်ရွက်ထားသည့်တာများ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှုများမှ ကာကွယ်နိုင်ရန်အတွက်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအထွေထွေ ပိုလျှံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောင်တူးဖော်ခြင်း လုပ်ငန်းအလျား (၁၅၇၅) မီတာ၊ အကျယ် (၆၀) မီတာနှင့် အနက် ရေစစ်မျဉ်းအောက် () မီတာစုစုပေါင်း (၄၂၂၅၉၅) ကုဗမီတာ ဆောင်ရွက်နေမှု လေးမျက်နှာမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီး ငဝန်မြစ်ရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

တင်ပြချက်အပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမူများနှင့် ပတ်သက်၍ လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး ကြီးကြပ်သည့် အရည်အသွေး စစ်ဆေးရေးအဖွဲ့ အနေဖြင့် သေချာစွာစစ်ဆေးပေးရန်လိုကြောင်း၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် ရေးဆွဲထားသော လုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း ဆောင်ရွက်နိုင်ရေးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြီးကြပ်ကြပ်မတ်ပေးသွားရန်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သောင်တူးသင်္ဘောကြီးများဖြင့် သောင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍  လုပ်ငန်းများသတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊  သောင်တူးဖော်ခြင်းမှ ထွက်ရှိလာသည့် သဲများကို စနစ်တကျ စွန့်ပစ်ရန်လိုကြောင်း၊ ရေလမ်းကြောင်းအတွင်း ပြန်မကျစေရေးနှင့် ရေလမ်းသွားရေယာဉ်များ အနှောင့်အယှက်မဖြစ်ရန်လိုကြောင်း၊  လူ၊ ယန္တရားတို့ဖြင့် ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေး အန္တရာယ်မဖြစ်စေရေး အထူးအလေးထား ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်းနှင့် လုပ်ငန်းပြီးစီးမှုအား နေ့စဉ်တင်ပြရန်နှင့် (Daily Record)တို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်ရန်ဆောင်ရွက်ထားသည့်တာများ ဧရာဝတီမြစ် ရေတိုက်စားမှုကမ်းပြိုကမ်းစားမှုနှင့် ပတ်သက်၍ ရေတိုရေရှည်ကာကွယ်မှုများကို ထိခိုက်နိုင်သည့် မြေ၊ အိမ်ထောင်စု ၊ လူဦးရေဆိုင်ရာအချက်အလက်များ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအလိုက် ဘဏ္ဍာငွေလျာထားမှုများ ကြိုတင်ရေးဆွဲပြုစုတင်ပြသွားရန် မှာကြားခဲ့သည်။

ထို့အပြင် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့၊ ဆည်မြောင်းရိပ်သာခန်းမတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများအားလုံး မိမိကိုယ်တိုင် အပါအဝင် မိသားစုဝင်များပါ ကျန်းမာရေးအထူးဂရုပြုကြရန်၊ လုပ်ငန်းခွင်အတွင်း စည်းလုံးညီညွှတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန်၊ မီးဘေးနှင့် လုံခြုံရေးအန္တရာယ်များ အောက်ခြေအဆင့်အထိ သတိရှိစွာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန