နေပြည်တော်၊ ဇူလိုင် ၁၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Konstantin Kanarev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြုစုထားသော မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုမည့် ရေဒီယိုအီလက်ထရွန်းနစ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) အား လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ရေဒီယိုအီလက်ထရွန်းနစ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန