ဒုတိယဝန်ကြီးဦးသာဦး မြန်မာ့စာတိုက်လုပ်ငန်း ညှိနှိုင်းအစည်းဝေးသို့တက်ရောက်

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (တတိယ)နေ့ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်) အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးတက်ရောက်ခဲ့ပြီး လုပ်ငန်းဆိုင်ရာကိစ္စရပ်များ လမ်းညွှန်ခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မြန်မာ့စာတိုက်လုပ်ငန်းအပေါ် ပြည်သူများယုံကြည်မှုပိုမိုရရှိစေရန်အတွက် ကြိုးစားဆောင်ရွက်ရန် ဝန်ထမ်းများ နည်းပညာများအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ ရသောဌာနဖြစ်သည့်အတွက် အလွဲသုံးစားပြုမှုကင်းရှင်းအောင် ဆောင်ရွက် ကြရန် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ခေတ်မှီနည်းပညာများ ပေါ်ထွက်လာသည့်အတွက် စာပေးပို့မှုများကျဆင်း သော်လည်း၊ အခြားသောလုပ်ငန်းနှင့် ဝန်ဆောင်မှုသစ်များကို တိုးချဲ့ဆောင်ရွက်လျက် ရှိသောကြောင့် မြန်မာ့စာတိုက် လုပ်ငန်းသည် ဝင်ငွေတိုးတက်ရရှိလျက်ရှိသဖြင့် ထပ်မံကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။