ဒုတိယကြီးကြပ်ရေးမှူး ရာထူး ရေးဖြေစာမေးပွဲ ကျင်းပမည့်အစီအစဉ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့စာတိုက်လုပ်ငန်း

ဒုတိယကြီးကြပ်ရေးမှူး ရာထူး ရေးဖြေစာမေးပွဲ ကျင်းပမည့်အစီအစဉ်ကြေညာခြင်း

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်

(၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်)

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းတွင် လစ်လပ်လျက်ရှိသော ဒုတိယကြီးကြပ်ရေးမှူး (လစာနှုန်းကျပ် ၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) ရာထူး (၂၀) နေရာတွင် ဝင်ပေါက်မှ ခေါ်ယူခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအတိုင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်-

  • ဖြေဆိုခွင့်ကတ်ပြားထုတ်ပေးမည့်နေ့ရက်          -   ၂၂-၄-၂၀၂၂ (သောကြာနေ့)

                                                                               နံနက် (၀၉:၃၀) နာရီမှ (၁၆:၀၀) နာရီအထိ

  •  ကျင်းပမည့်နေ့ရက်နှင့်အချိန်                          -   ၂၄-၄-၂၀၂၂ (တနင်္ဂနွေနေ့)

                                                                                နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ

  •   ကျင်းပမည့်နေရာ                                        -   နေပြည်တော်

 

၂။    ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်သူများသည် ဖြေဆိုခွင့်ကတ်ပြားများကို မြန်မာ့စာတိုက်လုပ်ငန်း၊ ရုံးချုပ်၊ နေပြည်တော်တွင် ထုတ်ယူရမည်ဖြစ်ပါသည်။ ကတ်ပြားထုတ်ယူချိန်တွင် ပူးတွဲဖော်ပြပါ ဝန်ခံကတိစာ အား လက်မှတ်ရေးထိုးယူဆောင်လာရမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊ ပညာအရည်အချင်း အထောက်အထားမူရင်း၊ အလုပ်သမားမှတ်ပုံတင် ကတ်ပြားမူရင်းများပါ တစ်ပါတည်းယူဆောင်လာ ရမည်။

၃။    ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည် ဖြစ်ပါသည်။

 

မှတ်ချက်။      ရွေးချယ်ခန့်ထားခြင်းခံရပါက အစမ်းခန့်ကာလ (၆) လအတွင်း လုပ်ငန်းဆောင်ရွက်မှု များအား ကျေနပ်ဖွယ်ရာမရှိပါက ဆက်လက်ခန့်ထားမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

 

 

မြန်မာ့စာတိုက်လုပ်ငန်း

2.pdf (76.04 KB)