တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အမှတ် ၅၈၂၀ တွင် စီးနင်းလိုက်ပါသွားသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများ၏ ကျန်ရစ်သူမိသားစုများအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အလှူငွေလှူဒါန်း

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အမှတ် ၅၈၂၀ တွင် စီးနင်း လိုက်ပါ သွားသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများ၏ ကျန်ရစ်သူမိသားစုများအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အလှူငွေ ၁၂,၂၀၀,၀၀၀ ကျပ် (ကျပ် တစ်ရာ နှစ်ဆယ့် နှစ်သိန်းတိတိ) ကို ၁၃.၆.၂၀၁၇ ရက်နေ့၌ ကာကွယ်ရေးဝန်ကြီးဌာနတွင် ပေးအပ် လှူဒါန်းခဲ့ပါသည်။