ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းသူများသို့ အသိပေးကြေညာချက်

"ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းသူများသို့ အသိပေးကြေညာချက်"

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည်၊ ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်များ မိဘပြည်သူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် AWPT/HPT, MIPနှင့် MITT ဆိပ်ကမ်းတံတားအသီးသီးသို့ ၂၆-၇-၂၀၂၁ ရက်နေ့အထိရောက်ရှိပြီးဖြစ်သော ဆေးနှင့်ဆေးပစ္စည်း ကုန်သေတ္တာများကို အမြန်ဆုံး/ချက်ခြင်းထုတ်ပေးသွားနိုင်ရန် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

ဆိပ်ကမ်းတံတားအလိုက် ယှဉ်တွဲဖော်ပြပါ ကုန်ပိုင်ရှင်/၎င်း၏ Agent များအနေဖြင့် Bill of Lading (BL) တင်ပြပြီး၊ Delivery Order (DO) ရရှိရေးအတွက် ကိုယ်စားလှယ်လုပ်ငန်းဌာန၊ ဌာနခွဲ(၁) ဖုံး ၀၉၅၁၁၂၈၇၃၊ ၀၉၄၂၇၂၆၆၂၃၂၊ ၀၉၆၇၆၇၅၀၈၃၅ တို့သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။