စင်္ကာပူ-မလေးရှား ရေအောက် ကေဘယ်လ် ချို့ယွင်းမှုဖြစ်

မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများ သို့ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်မှုများ ချိတ်ဆက် အသုံးပြုလျှက် ရှိသော SEA-ME-WE-3 ရေအောက် ကေဘယ်လ် ဆက်ကြောင်းသည် စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့အကြားတွင် ရေအောက် ကေဘယ်လ် ချို့ယွင်းမှု ဖြစ်ပေါ်နေပါသည်။

အဆိုပါ  ရေအောက် ကေဘယ်လ် ချို့ယွင်း မှု  အား ကေဘယ်လ် ပြုပြင်ရေး သင်္ဘောမှ သွားရောက် ပြုပြင်လျှက်ရှိရာ  ၂၀.၆.၂၀၁၄ ရက်နေ့ နံနက် (၀၇:၃၀)နာရီ မှ ၂၅.၆.၂၀၁၄ ရက်နေ့ (ခန့်မှန်း) အထိ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံ ၊ မလေးရှားနိုင်ငံတို့ အကြား ဆက်သွယ်မှုလိုင်းများ ပြတ်တောက် နေမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။