ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့၏ “ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွား” ခရီးစဉ် ပြည်ကြီးတံခွန်-၄ ရေယာဉ်ဖြင့် မန္တလေးမြို့မှ စတင်ထွက်ခွာ။

 

ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့၏ “ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွား” ခရီးစဉ် ပြည်​ကြီးတံခွန်​-၄ ​ရေယာဉ်​ဖြင့် မန္တ​လေးမြို့မှ စတင်​ထွက်​ခွာ။

မန္တ​လေး နိုဝင်​ဘာ ၁၆

ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့၏ “ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွား” ခရီးစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ပြည်ကြီးတံခွန်-၄ ရေယာဉ်ဖြင့် (၁၆.၁၁.၂၀၁၈) ရက်​​နေ့၊ နံနက်​ (ဝ၈:၂၀) နာရီအချိန်​တွင်​ မန္တ​လေးမြို့၊ ​ဂေါဝိန်​ဆိပ်​ကမ်းမှ စတင်​ထွက်​ခွာ စုန်​ဆင်းသွားခဲ့ရာ ​ရေယာဉ်​​ပေါ်တွင်​ ငြိမ်းချမ်းရေး တွဲလက်များအဖွဲ့မှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၇၈) ဦး လိုက်ပါသွား​ကြောင်း သိရသည်​။

ငြိမ်းချမ်းရေး တွဲလက်များအဖွဲ့ကို အောက်ပါအဖွဲ့အစည်း/ပုဂ္ဂိုလ်များ ပူးပေါင်းပါဝင် လက်တွဲ ထား​​ကြောင်း သိရသည်-

(က) မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ (မခမမ/ခဝဲခြံ မျက်မမြင်ကျောင်း)၊

(ခ) မြစ်ကြီးနား မျက်မမြင်ကျောင်း၊

(ဂ) အေးမေတ္တာ မသန်စွမ်းရိပ်မြုံ၊လှိုင်သာယာမြို့၊

(ဃ) သုံးရောင်ခြယ် ပြည်သူ့ အကျိုးပြု လူမှုကွန်ယက်၊

(င) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊

(စ) မရမာကြီး တိုင်းရင်းသား လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အသင်း၊ ရန်ကုန်၊

(ဆ) အမျိုးသားလက်ရွေးစင် ကိုယ်ခန္ဓာ မသန်စွမ်း (Wheel Chair) အားကစား သမား (၁၀)ဦး ၊

(ဇ) ငြိမ်းချမ်းရေး မြတ်နိုးသော ပုဂ္ဂိုလ်များ၊

(ဈ) စာပေ/ဂီတ အနုပညာရှင်များ။

အဆိုပါ ခရီးစဉ်​မှာ (၂၇) ရက်​ ကြာမြင့်မည်​ဖြစ်​ပြီး၊ ရန်​ကုန်​မြို့အထိ လမ်းခရီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်နှင့် အနီးအနားရှိ မြို့ (၂၇)မြို့တွင်​ ငြိမ်းချမ်းရေး လုပ်​ငန်းစဉ်​များ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။