ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. Hiroto IZUMI နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ၊ သံအမတ်ကြီး H.E. Dr. Luan Thuy Doung တို့အား သီးခြားစီ လက်ခံတွေ့ဆုံ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁) ရက်၊ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် Mr. Hiroto IZUMI နှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှုများ၊ ရန်ကုန်မြို့ပါတ် ရထားလမ်း အဆင့်မြှင့်တင်ရေးဆောင်ရွက်နေမှုများ၊ သီလဝါဆိပ်ကမ်း တံတားအသစ်တည် ဆောက်ပြီးစီးမှုနှင့် ထပ်မံတိုးချဲ့တည်ဆောက်ရန် ပြင်ဆင်နေမှုများ၊ ဟံသာဝတီအပြည်ပြည် ဆိုင်ရာ လေဆိပ်သစ်တည်ဆောက်ရေးကိစ္စရပ်များ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် နေ့လည်ပိုင်းတွင် မြန်မာ နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ၊ သံအမတ်ကြီး H.E. Dr. Luan Thuy Doung နှင့် ကိုယ်စား လှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၍ ဆက်သွယ်ရေးကဏ္ဍတွင် မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါဆွေးနွေးပွဲများသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသောဦးကျော်မျိုးနှင့် ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။