ကျေးဇူးတင်ရှိပါကြောင်း

 

မြန်မာအမျိုးသားလေကြောင်းမှ  ၁၂ - ၅ - ၂၀၁၉ ရက်နေ့တွင် Embraer-190, XY-AGQ လေယာဉ်ဖြင့် ခရီးစဉ်အမှတ် ယူဘီ (၁၀၃) ရန်ကုန်-မန္တလေး ခရီးစဉ် ပျံသန်းခဲ့ရာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ် အရေးပေါ်ဆင်းသက်ပြီးနောက် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သယ်ယူပို့ဆောင်ခြင်း၊ လေယာဉ်သားများအား ကူညီပံ့ပိုးပေးခြင်း၊ လေယာဉ်အားပြေးလမ်းပေါ်မှဘေးအန္တရာယ်ကင်းရှင်းသည့် နေရာသို့ ပြောင်းရွှေ့ပေးခြင်း စသည့် ကူညီပံ့ပိုး ပေးသည့် အောက်ဖော်ပြပါ ဌာနဆိုင်ရာ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား မြန်မာအမျိုးသားလေကြောင်းမှ အထူးတလည် ကျေးဇူးတင်ရှိပါသည် -
(က)​ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊
(ခ) ​MJAS (မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီ)၊
(ဂ) ​လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်)၊
(ဃ) ​မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(မန္တလေးတိုင်းဒေသကြီး)၊
(င)​ တံတားဦးမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
(စ)​ လမ်းတံတားဦးစီးဌာန၊
(ဆ)​ တံတားဦးမီးသတ်တပ်ဖွဲ့၊
(ဇ)​ ကရိန်းဝန်ဆောင်မှုမေတ္တာဖြင့်ကူညီသော UD Group၊
(ဈ)​ Ambulance ကို မေတ္တာဖြင့်ကူညီသော စေတနာကူညီရေးအဖွဲ့၊

လေးစားစွာဖြင့်

မြန်မာအမျိုးသားလေကြောင်း