ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများလစဥ်တွေ့ဆုံပွဲအခမ်းအနား

မိတ္ထီလာ၊ ဇွန် ၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇွန်လ ၈ ရက်နေ့ ၁၄၀၀ နာရီတွင် ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများလစဥ်တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါလစဥ်တွေ့ဆုံပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ယင်းနောက် ဒေါက်တာအောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊သလရ)ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ပတ်သက်၍ဖတ်ကြားရှင်းလင်းခဲ့ပြီး ဒေါ်ဝေမာလွင် (လ/ထ ကထိက) က ၃၀ ရက်နေ့ကြေးမုံသတင်းစာပါ ကိုလူလှ၏ ဒီမိုကရေစီ နှင့်ဆန့်ကျင်သည့်အကြမ်းဖက်လုပ်ရပ် ၊ ဒေါ်ဝါဝါမြင့်(ဦးစီးအရာရှိ)က မေ ၂၀ ရက်နေ့မြန်မာ့အလင်းသတင်းစာပါ ကိုတင်နွယ်၏ စုစည်းမှုစွမ်းအား ​ဖြင့်အောင်မြင်မှုလှေကားများဆီတက်လှမ်းခြင်း စသည်ဖြင့် ဖတ်​ကြား ရှင်းလင်းခဲ့ပါသည်။ထို့နောက်ဦးမောင်မောင်အောင်(လ/ထ ညွှန်ကြားရေးမှူး၊စီမံ)က ဝန်ကြီးရုံး၏ ညွှန်ကြားချက် စာများနှင့်သက်သာလချုပ်စာရင်းများကိုဖတ်ကြားရှင်းလင်းခဲ့ပါသည်။

ယင်းနောက်သင်တန်းတွင်ထူးချွှန်စွာအောင်မြင်ခဲ့ကြသည့်ဝန်ထမ်းများကို ကျောင်းအုပ်ကြီးကချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးဝန်ထမ်းများကို ဒုတိယကျောင်းအုပ်ကြီးဦးဝင်းနိုင်က ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း