ပစ္စည်းဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။(org)

ပစ္စည်းဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။

ပစ္စည်းဌာနဖွဲ့စည်းပုံ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပစ္စည်းဌာနသည် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့် ညွှန်ကြားချက်များကို လိုက်နာပြီး စာတိုက်လုပ်ငန်း၊ ကြေးနန်း လုပ်ငန်းနှင့် တယ်လီဖုန်း လုပ်ငန်းများ၏ စီမံကိန်း လျာထား ချက်များ ပြည့်မီကျော်လွန်စေရန်အတွက် လိုအပ်သော အဆောက်အဦး၊ ယာဉ်၊ စက်သုံးဆီ၊ ရုံးသုံးပရိဘောဂများနှင့် လုပ်ငန်း အထောက် အကူပြု ပစ္စည်းများအား အချိန်မီ ထောက်ပံ့ပေးနိုင်ရန်အစဉ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

 

ပစ္စည်းဌာန၏လုပ်ငန်းတာဝန်များ


(၁) မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက်၊ ကြေးနန်းနှင့် တယ်လီဖုန်း လုပ်ငန်းဆိုင်ရာ ပစ္စည်း ကိရိယာများ၊ ထိုလုပ်ငန်းများအတွက်
     ထိန်းသိမ်းမှုဆိုင်ရာပစ္စည်းများ၊ ရုံးသုံးစာရေးကိရိယာများ၊ ပုံစံများ၊ ရုံးသုံးစက်ပစ္စည်းကိရိယာနှင့်ပရိဘောဂများ၊သတ်မှတ်ထားသော
     စံညွှန်းများအတိုင်း ပြည်တွင်းပြည်ပမှ ၀ယ်ယူသုလှောင်ဖြန့်ဖြူးရေးကို စီမံပေးခြင်း။
(၂) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက်၊ ကြေးနန်းနှင့် တယ်လီဖုန်းလုပ်ငန်းအတွက် လိုအပ်သော အဆောက်အဦများကို
     ဆောက်လုပ်ရေးနှင့် ပြုပြင်မွမ်းမံထိန်းသိမ်းရေးအတွက် စီမံပေးခြင်။
(၃) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုလုံးအတွက် လိုအပ်သောယာဉ်များဝယ်ယူရေး၊ မွမ်းမံပြင်ဆင်ရေးကိစ္စတွင် အခါအားလျော်စွာ
     သတ်မှတ်ပြဌာန်းချက်များနှင့် အညီဆောင်ရွက်ရန် စီမံပေးခြင်း။
(၄) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုလုံးအတွက် အားဖြည့်လောင်စာဆီ ၊ စက်ဆီ ၊ ချောဆီ များကို ၀ယ်ယူရေး စီမံပေးခြင်း။
(၅) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ပစ္စည်းအုပ်စုစာရင်းဇယား ၊ လယ်ဂျာများပြုစုထိန်းသိမ်းခြင်း၊ အသုံးမ၀င်ပိုလျှံ ၊ ခေတ်မမီ
     ပျက်စီးသော ပစ္စည်းများကို စစ်ဆေးစာရင်း ပယ်ဖျက် ၊ လေလံတင် ရောင်းချခြင်းတို့အတွက် စီမံပေးခြင်း။
(၆) ပစ္စည်းဌာန၏ စီမံရေးရာ ၊ အထွေထွေနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို ကြပ်မတ်ကွပ်ကဲ စီမံပေးခြင်း။