ယာယီနေ့စား (Muster Roll) ၀န်ထမ်းများ ခေါ်ယူခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဌာန၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင် ယာယီနေ့စား(Muster Roll) ဝန်ထမ်းများ ခန့်ထားရန်ရှိပါသဖြင့် မည်သူမဆို သက်ဆိုင်ရာ ဌာန၊ ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် လျှောက်လွှာပုံစံ ယူလျှောက်ထားနိုင်ပါသည်- 
လျှောက်လွှာနှင့်အတူ -

(က) Passport ဓာတ်ပုံ (၁)ပုံ
(ခ ) 
တက္ကသိုလ်ဝင် အောင်လက်မှတ် မိတ္တူ
(ဂ )
 နိုင်ငံသား စိစစ်ရေး ကတ်ပြားမိတ္တူ
(ဃ)
အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်း ထောက်ခံချက် (သို့မဟုတ်) ပြန်တမ်းဝန်အရာရှိ တစ်ဦးဦး၏ ထောက်ခံချက်
(င)
 အခြားတက်ရောက်ပြီးသည့် သင်တန်းအောင်လက်မှတ်များ ပူးတွဲပေးပို့ရပါမည်။

လျှောက်ထားလိုသူများသည် ဖော်ပြပါအချက်အလက်များနှင့်တကွ သက်ဆိုင်ရာ ဌာန၊ ပြည်နယ်/ တိုင်းဒေသကြီး ရုံးများ၊ ရုံးခွဲများ (သို့မဟုတ်) [email protected] သို့ (၁-၁၁-၂၀၂၂)ရက်နေ့မှစတင်၍ ပေးပို့လျှောက်ထား နိုင်ပါသည်။

အသေးစိတ် အချက်အလက်များ သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးအချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၀၉-၄၂၃၀၀၆၃၄၇

၀၉-၄၂၃၀၀၆၃၄၆

mpt